သင့်အနေနဲ့ Facebook ကို ဘယ်လိုအကြောင်းကြောင့် သုံးစွဲနေတာပဲဖြစ်ဖြစ် ကိုယ့်ရဲ့အကောင့်ကို အလွယ်တကူအဟက်မခံရဘဲ ပိုမိုလုံခြုံမှုရှိစေဖို့အတွက် ရိုးရိုးတန်းတန်း Password အပြင် Two-factor Authentication (Two-step authentication) ကို အသုံးပြုနိုင်ပါတယ်။
Two-Factor Authentication ဆိုတာဘာလဲ ဘယ်လိုလဲ
Two-factor authentication ဆိုတာ သင့်ရဲ့ဖေ့စ်ဘုတ်အကောင့်ကို (Password အပြင်) ကူညီကာကွယ်ပေးမယ့် လုံခြုံရေးဆိုင်ရာလုပ်ဆောင်ချက်တစ်ခုပါ။ Two-factor authentication ကို Setup လုပ်ထားပြီဆိုတာနဲ့ ကိုယ့်ဖေ့စ်ဘုတ်အကောင့်ကို ကိုယ်ဝင်နေကျ သုံးနေကျမဟုတ်တဲ့ဖုန်း/Browser ကနေ ဝင်တဲ့အခါမှာ လုံခြုံရေးကုဒ်တစ်ခုကို ထည့်သွင်းခိုင်းပြီး အကောင့်ကိုအတည်ပြုခိုင်းမှာဖြစ်ပါတယ်။ အဲဒီကုဒ်နံပါတ် ၆ လုံးကိုတော့ Two-factor authentication ပြုလုပ်ခဲ့စဉ်က ကိုယ်အသုံးပြုခဲ့တဲ့ဖုန်းနံပါတ်ဆီကို "Use xxxxxx to log into Facebook." ဆိုပြီး ဖေ့စ်ဘုတ်က SMS ပို့ပေးသွားမှာပါ။ကုဒ်ထည့်ပြီးသွားပြီဆိုရင် ကိုယ်ပြောင်းသုံးလိုက်တဲ့ ဖုန်း/Browser ကို မှတ်ထားမလားဆိုပြီး မေးပါလိမ့်မယ်။ နောက်နောင်မှာလည်း အဲဒီ ဖုန်း/Browser ကနေ သုံးသွားဦးမယ်ဆိုရင်တော့ မှတ်သားထားလိုက်ပါ။ အဲဒါဆိုရင် အဲဒီကနေ Logout လုပ်ပြီး နောက်တစ်ခါပြန်ဝင်တဲ့အခါ လုံခြုံရေးကုဒ်ကို ပြန်ထည့်နေစရာ မလိုတော့ပါဘူး။
ဒီလို Two-step လုပ်ထားလိုက်မယ်ဆိုရင်တော့ ကိုယ့်အကောင့်ကို တခြားသူတစ်ယောက်ယောက်က ဟက်တဲ့အခါမှာလည်း အလွယ်တကူသိနိုင်ပြီး ချက်ချင်းဆိုသလို လိုအပ်တဲ့ကာကွယ်မှုတွေကို လုပ်နိုင်သွားပါပြီ။
Two-Factor Authentication ပြုလုပ်နည်း
၁. Facebook Account Setting ထဲက Security and Login ထဲဝင်ပါ။
၂. Use two-factor authentication ထဲဝင်ပါ။ Two-factor authentication ကို အမှတ်ခြစ်လိုက်ပါ။
၃. Start Setup ကိုနှိပ်လိုက်ပါ။
၎. သင့်ဖုန်းနံပါတ်ကိုအတည်ပြုဖို့ သင့်ဖုန်းဆီ ကုဒ်နံပါတ်တစ်ခု SMS ပို့ပါလိမ့်မယ်။ ဖုန်းနံပါတ်ပြောင်းချင်တယ်ဆိုရင် Change Number နဲ့ပြောင်းပါ။ သူပြထားတဲ့နံပါတ်နဲ့ပဲ Setup လုပ်မယ်ဆိုရင်တော့ Continue ကိုနှိပ်ပါ။
၅. သင့်ဖုန်းကို ဖေ့စ်ဘုတ်ကပို့လိုက်တဲ့ ကုဒ်နံပါတ်ကိုထည့်သွင်းပါ။ Continue ကိုနှိပ်ပါ။
၆. ဒါဆိုရင်တော့ Two-Factor Authentication ကို Setup လုပ်ပြီးသွားပါပြီ။ Close ကိုနှိပ်ပါ။
No comments:
Post a Comment